Friday, June 15, 2007

မန္တလေးက မိုး

၁၃ရက်နေ့က တစ်နေ့လုံးမိုးတွေရွာနေခဲ့ပါတယ် . . .
ညနေပိုင်းမှာ မိုးလေ၀သနှင့်ဇလဗေဒဦးစီးဌာနက မိုးရေချိန်၁၀လက်မကျော်ရွာတယ်လို့ တိုင်းတာရရှိကြောင်း သိရပါတယ် . .
လမ်းတွေ၊ အိမ်တွေ တော်တော်ရေ၀င်သွားပါတယ် . .
အိမ်မှာဆို ရေတွေ တစ်ပေကျော်ကျော်တက်လာပါတယ် . .
ရေမြောင်းများအားလုံးပြည့်လျှံကုန်ပါတယ် . . .

၁၄ရက် ညနေပိုင်းမှာလဲ မိုးကောင်းလို့ ရေအနည်းငယ် ပြန်တက်လာပါတယ် . . .

မန္တလေးမှာဒီလိုမိုးမကြီးတာ ကြာပြီလို့ ပြောရမှာပါပဲ . . .
သြော်မိုးရယ် . . .

No comments: