Saturday, June 9, 2007

တစ်လပဲလိုတော့တယ်ဗျာ

မနက်ဖြန် ဇွန်လ ၁၀ရက်နေ့

အများသတ်မှတ်ထားကြတဲ့အတိုင်းဆိုရင်တော့ ကျွန်တော်အသက်၃၀ပြည့်သောနေ့ပေါ့ . . .



တကယ်တော့ လွန်ခဲ့တဲ့ အနှစ်၃၀က ဇူလိုင်လ ၁၀ရက်မှာ မွေးဖွားခဲ့တာပါ . . .

ကျောင်းအပ်ရင် အဆင်ပြေအောင်ဆိုပြီး မွေးစာရင်းကစလို့ ဇွန် ၁၀ရက်လို့ တစ်လတိုးခဲ့ပါတယ် . . .

ဒါကြောင့် မှတ်ပုံတင်အရဆိုရင် မနက်ဖြန် ကျွန်တော် အသက်၃၀ပြည့်ပါပြီ . .



အမှန်တကယ် ပြည့်ဖို့တော့ တစ်လ အလိုပေါ့ဗျာ

အသက်၃၀မှာ ဘာဖြစ်ရမယ် . . ညာဖြစ်ရမယ်လို့တော့မဟုတ်ပေမယ့်

သေသေချာချာခိုင်မာတဲ့ ဘ၀လမ်းကြောင်း တစ်ခုတော့ လိုချင်မိတယ် . .

အခုတော့ ဘ၀လမ်းကြောင်း တစ်ခုကို ပြောင်းလဲဖို့ အချိန်ပိုင်းတော့ ရောက်လာနေပါပြီ . . .



၁၉၇၇ မှာ မွေး၊ ၁၉၈၁ မှာ မူကြိုတက်ပြီး ကျောင်းသားစဖြစ် . . . ၂၀၀၇ ခုနှစ်မှာ ကျောင်းသားအဖြစ်က ယာယီ ရပ်တန့်သွားပြီ . . .

ဘ၀အတည်တကျဖြစ်မယ့် လုပ်ငန်းစဉ်တစ်ခုကို စပြီး အကောင်အထည်ဖော်မယ်ဗျာ . .

No comments: