Thursday, June 7, 2007

စာမေးပွဲ . . စာမေးပွဲ

ဒီကနေ ညနေပိုင်းက အမ်အိုင်စီတီ ကိုရောက်ခဲ့ပါတယ် . . .
စာမေးပွဲဖြေဆိုနေကြတာကို တွေ့ခဲ့ရပါတယ် . ..
ကျွန်တော်ရောက်ပြီးတော့ မကြာခင်ပဲ စာမေးပွဲခန်းထဲက ထွက်လာကြတယ်
ပထမတော့ အသံတိုးတိုးလေးပေါ့ . . .
တဖြည်းဖြည်း လူလဲများလာရော အသံက ကျယ်ကျယ်လာလိုက်တာ . . .
တော်တော်ကို ဆူညံသွားပါတယ် . . .


သက်ဆိုင်ရာ ဆရာ၊ ဆရာမများနားမှာ ၀ိုင်းပြီး စာမေးပွဲခန်း အတွေ့အကြုံရှင်းလင်းနေကြတာ . . .
ဆူဆူညံနေတာပဲ
အပြန် ဓာတ်လှေကားထဲမှာတော့ . .
မေးခွန်းက ခက်လိုက်တာလို့ ပြောနေကြသူကပြော ..
ဆရာကို ပြန်ပြောရမယ်ပြောသူကပြော . .
မေးခွန်းလွယ်တယ်ပြောသူပြော . ..
အင်း ဆရာတွေကတော့ ဘယ်လိုနေမယ်မသိ . . .
ဘေးကကြည့်သူမှာတောင် . . .

စာမေးပွဲ. . .စာမေးပွဲ မကြုံရတော့ဘူးအောက်မေ့တာတောင် . . .
မကြာခင် ဖြေဖို့ တန်းစီနေတာပါပဲ . . . .

1 comment:

Chan Mya Soe said...

အင်း .. ဒီအချိန်ဖြေတာဆိုတော့ IDCS ဒါမှမဟုတ် LCCI တွေပဲ ဖြစ်ဖို့များမယ်ထင်တယ်