Tuesday, June 5, 2007

ကုန်စည်ပြပွဲ၊ ဈေးပွဲတော်နှင့်ကျွန်တော်တို့ မန္တလေး



ဒီကနေ့ မန္တလေးမြို့တော်ခန်းမ(၁) တွင် ကျင်းပတဲ့ ကုန်စည်ပြပွဲနှင့်ဈေးပွဲတော်ကို ညနေ ၄နာရီဝန်းကျင်က ရောက်ခဲ့ပါတယ် . . ယနေ့ ၅ရက်နေ့ စတင်ကျင်းပတာပါ . . . ၃ရက် ကျင်းပမယ်ထင်ပါတယ် . . .

ခန်းမအတွင်းမှာတော့ တင်မိုးလွင်ဦးစီးသော မော်ဒယ်ရှိုးပွဲရှိပါတယ် . .တစ်နေ့ သုံးကြိမ် ပါ . .

ခန်းမအတွင်း ဆိုင်ခန်း ၅ခန်းလောက်သာ ရှိပါတယ် . ..

ခန်းမအပြင်ဖက်မှာတော့ အဓိက အ၀တ်အထည်များပါ . . .

ဝယ်ယူအားပေးသူအနေနဲ့တော့ စည်ပင်ဝန်ထမ်းအချို့ကိုသာတွေ့ခဲ့ရပါတယ် . . .

နေပူလို့ပဲ အိမ်တွင်းပုန်းနေကြသလား . . .
မန္တလေးကလည်း ဈေးပွဲတော်တွေ ဆက်တိုက် ကျင်းပလာတော့
မန္တလေးသားတို့ စိတ်မ၀င်စားတော့တာလားတော့ မသိပါ . . .

စည်းကားမှုမရှိဘူးလို့ပဲ ပြောရမယ်ထင်ပါ့ . . .
ဈးပွဲတော် . . . လျှော့ဈေး နဲ့ မန္တလေးကတော့ . . . မကြာမကြာ မြင်နေကြမြင်ကွင်းပါပဲလေ . . .

No comments: