Wednesday, May 30, 2007

ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့

မနက်ဖြန် ၃၁-၅-၂၀၀၇ ရက်နေ့ ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ ပါ . . .
ဒီနှစ်ဆောင်ပုဒ်က
Smoke free environments
ဆေးလိပ်ငွေ့ ကင်းစင်ရေး၊ ၀ိုင်းဝန်းကူညီဆောင်ရွက်ပေး
တဲ့ပါ . . .
၂၀၀၆ခုနှစ် မေလ ၄ရက်နေ့မှာ
နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ်(၅/၂၀၀၆)နဲ့
ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုထိန်းချုပ်ရေးဥပဒေကို ပြဋ္ဌာန်းခဲ့တာ
၂၀၀၇ မေလ ၄ရက်နေ့မှာ တစ်နှစ်ပြည့်လို့ အာဏာတည်ခဲ့ပါပြီ . . .

အဆိုပါဥပဒေအရ လူအများရှိရာနေရာမှာ ဆေးလိပ်သောက်သုံးခြင်းကို ရှောင်ကြဉ်ရပါမယ် . . .
တစ်နည်းပြောရရင် အများပြည်သူနဲ့ ဆိုင်တဲ့နေရာတွေမှာ ဆေးလိပ်သောက်သုံးခွင့်မရှိတော့တာပါ . . .
ဆေးလိပ်ရောင်းဝယ်ခြင်းမှာလဲ
အလိပ်အရေအတွက် ခွဲရောင်းတာကို ကန့်သတ်လိုက်ပါတယ် . .
တစ်ဘူးချင်းသာ ရောင်းခွင့်ရှိမှာပါ . ..
အသက် ၁၈ နှစ်မပြည့်သူများကိုလည်း ဆေးလိပ်ဝယ်ယူခွင့်ပြုမှာ မဟုတ်သလို . . .
ဝယ်ယူခိုင်းရင်လည်း ဥပဒေအရ အရေးယူခံရမှာပါ . ..

ဘာဖြစ်ဖြစ်လေ . .
မနက်ဖြန် ၃၁ ရက် တစ်နေ့တော့ သင်သောက်နေတဲ့ စီးကရက်၊ ဆေးလိပ်ကို လျော့သောက်ခြင်း၊ မသောက်ဘဲ နေခြင်း၊ လူအများကြားမှာ မသောက်ကြပါနဲ့လို့ တောင်းပန်ချင်ပါတယ် . ..

ဆေးလိပ်က သင်တစ်ယောက်ထဲကိုသာမကဘူးနော်
သင့်မိသားစု (ဇနီး၊ သားသမီး)နဲ့ သင့်ပတ်ဝန်းကျင်ကိုပါ ထိခိုက်စေပါတယ်

ဆေးလိပ်နဲ့ ဆေးလိပ်ငွေ့တွေကြားထဲကနေ သင်ရုန်းထွက်ကြည့်စမ်းပါ . ..
ငွေကြေး အကုန်အကျသက်သာသလို ကျန်းမာရေးလဲ သိသိသာသာ ကောင်းလာမယ်လေ . . .

ကြိုးစားကြည့်ကြရအောင်ဗျာ .. . . . ..


No comments: