Monday, May 28, 2007

သက်ဆုံးတိုင် . . . .


သက်ဆုံးတိုင် တေးစီးရီး မိတ်ဆက်ပွဲကို ကနေ့ ရောက်ခဲ့ပါတယ် . . .
Sai Pie နဲ့Kim တို့ရဲ့ ပထမဆုံး တေးစီးရီးကို စီဒီနဲ့ တိတ်ခွေ ဖြန့်ချိပြီးနောက် စာနယ်ဇင်းဆရာများနဲ့ တွေ့ဆုံပွဲလုပ်ခဲ့တာပါ . . .
ဒီပွဲကို ဆြာဘက အကြံပေးစီစဉ်ပြီး ဆရာသင့်နော်က ဦးဆောင်ခဲ့ပါတယ် .
ပထမဦးဆုံး တေးဆို၊ တေးထုတ်လုပ်သူများက ခရစ်ယာန်ဘာသာ ကိုးကွယ်သူများဆိုတော့ တရားဟောဓမ္နဆရာက ဆုတောင်းပေးခြင်းနဲ့ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပါတယ် . . .
အဲဒီနောက်မှာတော့
တေးဆိုသူနှစ်ဦးနဲ့ ဆရာသင့်နော်က စာနယ်ဇင်းဆရာ၊ ဆရာမများကို မိတ်ဆက်ပေးပါတယ် . . .
စာနယ်ဇင်းဆရာ၊ ဆရာမများကိုလည်း မိတ်ဆက်ပေးပါတယ် . . .
တေးထုတ်လုပ်သူ ဦးငမ်းလွမ်းကိုယ်စား သမီးဖြစ်သူ မငယ်က ရင်ထဲက စကားများနဲ့ စီးရီးထုတ်လုပ်ဖြစ်ရခြင်းကို ပြောကြားသွားပါတယ် . ..
နောက်တော့ အဆိုတော် နှစ်ဦးက ရင်ထဲက စကားတစ်ချို့ပြောကြားပြီး
စာနယ်ဇင်းလူမှုကူညီရေးအတွက် အလှူငွေကျပ်တစ်သောင်းပေးအပ်လှူဒါန်းပါတယ် . . .

အဲဒီနောက်မှာတော့ ကိုယ်တိုင်တီးခတ်လို့ သီချင်းလေးတွေဆိုပြပါတယ် . . .
စာနယ်ဇင်းဆရာ၊ဆရာမများကို ဧည့်ခံကျွေးမွေးရင်နဲ့ တေးစီးရီးစီဒီများ လက်ဆောင် ပေးအပ်ခဲ့ပါတယ် . . .
စာနယ်ဇင်းဆရာများကလည်း သိလိုတာများကို အင်တာဗျူးကြပြီး
အမှတ်တရ အားလုံး ဓာတ်ပုံစုရိုက်လို့ အခမ်းအနားကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ် . ..

မန္တလေးက စာပေအသိုင်းအ၀န်းက စာနယ်ဇင်းဆရာများ တော်တော်စုံစုံလင်လင်တက်ရောက်တာကို တွေ့ခဲ့ရပါတယ်ဗျာ . . .

ကနေ့ည သီချင်း ၁၂ပုဒ်ကို နားထောင်ပြီတော့မှ ကျွန်တော် ကြိုက်မိရင် ပြောပြရဦးမယ်ဗျာ . . .

No comments: