Sunday, May 27, 2007

မန္တလေးဓာတ်ပုံအသင်း ဓာတ်ပုံဆု ရွေးချယ်ပွဲ





မန္တလေးဓာတ်ပုံအသင်းရဲ့ ၂၀၀၇-ခုနှစ် လပတ်တံခွန်စိုက်ဓာတ်ပုံပြိုင်ပွဲ အမှတ်စဉ်(၅)
ဆုရွေးချယ်ပွဲကို ကနေ့ ညနေ ၁နာရီက မန္တလေးဓာတ်ပုံအသင်းမှာ ပြုလုပ်ခဲ့ပါတယ် . . .

အသင်းက ဖွင့်တဲ့ ဓာတ်ပုံပညာသင်တန်း ဆင်းပွဲနဲ့ အတူ ကျင်းပခဲ့ပါတယ် . . .
ဓာတ်ပုံရွေးချယ်တာကို ဒီတစ်ခါပဲ မြင်ဘူးပါတယ် . . .
အဆင့်ဆင့် သေသေချာချာ ရွေးချယ်ကြရပါတယ် . . .
ဒိုင်ငါးဦးရဲ့ ရွေးချယ်မှုက တစ်ဦးနဲ့ တစ်ဦး မတူညီကြပေမယ့်
နောက်ဆုံးမှာတော့ ပထမ ၊ ဒုတိယ ၊ တတိယရယ်လို့ ကွဲကွဲပြားပြားဖြစ်ခဲ့တာပါ့ပဲ . .

ဒီနေ့ ရွေးချယ်မှုက အကြီးတန်းပြိုင်ပွဲ အတွက် အရင်ရွေးချယ်ပါတယ် . . .
အကြီးတန်းပြိုင်ပွဲ မှာ ဆုရသူများက
ပထမဆု - ကိုအောင်မြင့်(မဉ္ဖူသင်း)
ဒုတိယဆု - ကိုမြင့်သိန်း(အလယ်ဘောင်)
တတိယဆု - ခင်မောင်တင့်(သဲသစ္စာ)
နှစ်သိမ့်ဆု(၁) - ကိုအောင်မြင့်(မဉ္ဖူသင်း)
နှစ်သိမ့်ဆု(၂) - ညီညီမောင်(လျှပ်စစ်)
နှစ်သိမ့်ဆု(၃) - ခင်မောင်တင့်(သဲသစ္စာ)

အငယ်တန်းပြိုင်ပွဲဆုရစာရင်းကတော့

ပထမဆု - အောင်မျိုးကျော်(ရွှေဂူ)
ဒုတိယဆု - အောင်ဇော်လင်း(ရွှေလောင်းသား)
တတိယဆု - ကိုအောင်ကျော်ဝင်း(မဉ္ဖူသင်း)
နှစ်သိမ့်ဆု(၁) - အောင်မျိုးကျော်(ရွှေဂူ)
နှစ်သိမ့်ဆု(၂) - အောင်မျိုးကျော်(ရွှေဂူ)
နှစ်သိမ့်ဆု(၃) - ကိုအောင်ကျော်ဝင်း(မဉ္ဖူသင်း)


ရွေးချယ်ပွဲကို မော်ဒယ်အဖြစ် ကူညီသူ မနန်းသဉ္ဖာသိမ့် (ဈေးချိုတော်အလှမယ်)လည်း လာရောက်ကြည့်ရှုအားပေးတာကို တွေ့ခဲ့ရပါတယ်. . .



No comments: