Wednesday, May 23, 2007

တောင်သမန်ရွှေအင်းက လေညှင်းဆော်တော့

ဒီကနေ့ ရတနာပုံတက္ကသိုလ်ကို အောင်စာရင်းသွားကြည့်ဖြစ်ပါတယ် . . .
မနက်မိုးလင်းတော့ ဘယ်သွားစရာရှိလဲလို့ စဉ်းစားတယ် . .
မန္တလေးဓာတ်ပုံအသင်းက ဓာတ်ပုံပြိုင်ပွဲရှိတာ မေ့နေတယ် . . သတိရလို့ ဖုန်းဆက်ကြည့်တော့ ကိုဘဦးက အိမ်မှာ မရှိဘူးတဲ့ လိုက်သွားရင် ကောင်းမလားစဉ်းစားတယ် . .
မလိုက်ေ
တာ့ပါဘူးဆိုပြီး ရတနာပုံကိုပဲ ထွက်ခဲ့လိုက်တော့တယ် . . . .
ကျောင်းကြီးကလည်း အတန်းတွေ သိပ်မရှိတော့ ပျင်းခြောက်ခြောက်ကြီး . .

ဘွဲ့ဝတ်စုံထုတ်ပေးနေတဲ့နေရာကို ရောက်ခဲ့တော့ ပျော်စရာပါ . . .
ဘွဲ့ဝတ်စုံတွေ ၀တ်ကြည့်ပြီး တစ်ယောက်နဲ့ တစ်ယောက် နောက်ကြ စကြနဲ့ပေါ့ . . .



နောက်တော့ တောင်သမန်အင်းက ဦးပိန်တံတားဘက်ကို လျှောက်ခဲ့ပါတယ် . . .
တံတားပေါ်တက်ပြီး မြင်သမျှ ဓာတ်ပုံရိုက်လာခဲ့ပါတယ် . .
တံတားပေါ်လည်း လေအရမ်းတိုက်တော့ တော်တော်သတိထားနေရတယ် . .
လေထဲများလွင့်ပါသွားမလားပေါ့ . . .
တောင်သမန်ရွှေအင်းက လေညှင်းမဟုတ်ပဲ လေနည်းနည်း ပြင်းနေတယ်ဗျာ . . .
အင်း
အဲဒီစာအုပ်လဲ အပိုင်လိုချင်တာ မ၀ယ်နိုင်သေးပါ့လားနော် . .
တောင်သမန်ရွာစားကိုလည်းသတိရ . . ဒိုင်းခင်ခင်လဲ သတိရ . . .

သတိရခြင်းများစွာနဲ့ပေါ့ . . ဗျာ

တစ်နာရီလောက် တံတားပေါ်မှာ အချိန်ဖြုန်းပြီးတော့ ပြန်လာခဲ့တယ် . . .
ကနေ့ ဓာတ်ပုံရိုက်တဲ့ ဓာတ်ပုံဆရာတွေကို ဓာတ်ပုံရိုက်မယ့်
အစီအစဉ်ပျက်သွားခဲ့တယ် . . .

No comments: