Tuesday, May 22, 2007

မိုးနဲ့မန္တလေး

ဒီနေ့တော့ မိုးက သဘောကောင်းနေသလိုပဲ
တစ်နေကုန် မှိုင်းနေပြီး နည်းနည်းပဲ ကျတယ် . . .
မနေ့တော့ တော်တော်စိတ်ညစ်သွားတယ် . . .
မိုးက တစိမ့်စိမ့်ကို ရွာနေတာ
တစ်ချို့ကပြောကြတယ်
ကောလဟလပေါ့
ရက်ပေါင်း ၁၀၈ရက် မိုးရွာမတဲ့ . .

အင်း
သူဟာသူ မုန်တိုင်းရှိလို့ . . .ကမ္ဘာ့ ရာသီဥတု အပြောင်းအလဲမှာ . . .
ထွက်လာသေးတယ် . . .

ဘယ်နေ့က စတွက်ရမလဲ သွားမေးလို့ ရန်တွေ့ခံရသေးတယ် . . .
မိုးရွာတော့လဲ ဘာဖြစ်လဲဗျာ
ထီးအကြီးကြီးယူပြီး လျှောက်သွားနေတယ် . . .

အခုရက်ပိုင်း ကိုယ့်ဘာသာတောင် ဘာပုံပေါက်နေလဲမသိ
ထီးကြီးနဲ့ လမ်းတစ်လျှောက် လျှောက်သွားနေတာတွေ့ရင် . . .
ကျွန်တော်လို့သာ မှတ်လိုက်တော့ . . .

မန္တလေးမှာ မိုးကြောက်တဲ့ မန်းသူ၊မန်းသားတွေ အခုတော့ ထီးဆောင်ပြီး အပြင်ထွက်နေကြရပြီ . . .
အရမ်းကြီး မရွာပေမယ့် ရွာချိန်ကြာတော့ လမ်းပေါ် ရေလျှံတာတော့ ဖြစ်နေတယ် . .

မြောင်းတွေ ဆယ်သော်လည်း . . .
ဆယ်တာက စနစ်တကျ မြောင်းအားလုံး မဆယ်ဖြစ်တာရယ် . .
တစ်ချို့ မြောင်းဖုံးတွေကြောင့် ဆယ်မရတာရယ် . . .
မန္တလေးမြို့က မြစ်ထက် နိမ့်နေတော့ ရေများရင် ရေစွန့်ထုတ်ဖို့ ခက်တာရယ်ပေါ့ . .

အင်း ဒါတောင် မြောင်းတွေကို လိုက်ဆယ်ထားတာ တော်တော်များတယ် . . .

တစ်ချို့ကလဲ မြောင်းဆယ်လာတဲ့သူကို ပိုက်ဆံပေးပြီး အိမ်ရှေ့မှာ မဆယ်ကြဖို့ လုပ်ကြတယ် . . .
သူတို့ အိမ်ရှေ့က မြောင်းကာပြားတွေ အပြည့်ခင်းတာပျက်မှာရယ် မြောင်းက ဗွက်ရည်တွေ ပေမှာရယ်ပေါ့ . . .
ဒီတော့ မြောင်းက ပိတ် . . ရေကလျှံ . . .မန္တလေး မိုးနဲ့ကတော့ အမြဲတမ်း ပတ်လည်ရိုက်နေတော့မှာပါပဲ . . .

မန်းကလူတွေက ကိုယ့်အိမ်ရှေ့ကမြောင်း ရေစီးကောင်းဖို့ ကိုယ်က တာဝန်ယူကြရင် ဘယ်လောက်ကောင်းမလဲလေ . . .
အဲလိုဖြစ်မယ်ဆိုရင်တော့ . . .
မန်းမှာ ရေလျှံတယ်ဆိုတာ မကြားရတော့ဘူးပေါ့ . .

အင်း အတွေးက အတွေးသာဖြစ်မှာပါလေ . . .







No comments: