Wednesday, May 16, 2007

ဇွန်လ ၁၄ရက်နေ့ သွားလှူကြမယ်


မနေ့က စိတ္တသုခလူငယ်များ အလှူအတွက် တွေ့ဆုံညှိနှိုင်းပွဲလေး လုပ်ဖြစ်တယ်ဗျ

ကျွန်တော်တို့ ဆွေးနွေးဖြစ်တာတွေ ပြောပြမယ်ဗျာ

ကူညီနိုင်တာရှိရင် ၀ိုင်းကြ၀န်းကြပါဦး . .

ပထမဆုံးကတော့ သွားလာဖို့ပါ . .

ကျွန်တော်တို့အဖွဲ့ လူ၄၀ကျော်လောက်ရှိတယ်ဗျ. . . လိုက်ကြမယ်ဆို အားလုံးနီးပါးပဲ ဒီတော့ သွားဖို့လာဖို့ ယာဉ်လိုလာပြီ . . .

အရင် အခေါက်တွေကလိုပဲ ကားငှားသွားမယ် . . ကားခကို အားလုံး ကျသလောက် စုခံကြမယ် . .အလှူငွေကို မထိခိုက်စေဘူး .. ဒီလိုပဲ လုပ်ကြတော့မယ် . . .

ခရီးစဉ်က . . မန်းကနေ စစ်ကိုင်းမြို့ မြရတနာရပ်က အမှတ်(၂၅) မူလတန်းကျောင်း(စက်မှုဇုန်အဆုံးနားမှာ)မှာ သွားလှူမယ် ၊

အပြန်မှာ အဲဒီကနေ ကောင်းမှုတော်၊ ကံတလူသွားဘုရားဖူးမယ်။ ဦးပိန်တံတားဝင်မယ် . . .

ဒါက ခရီးစဉ်ပါ . . . အဲဒီခရီးစဉ်

အဲဒီခရီးစဉ်အတွက် လူ၅၀လောက်ဆံ့တဲ့ကားငှားချင်ပါတယ် . .

ဈေးသက်သာ၊ ကားကောင်းပေါ့ . ..


နောက် အလှူအတွက် စာအုပ်တွေ ရိုက်ဖို့ရှိသလို၊ လွယ်အိတ်လေးတွေ ၀ယ်ချင်ပါတယ် . . .

ခဲတံ၊ ပေတံရောပေါ့ . .

ကလေး ၂၅၀ စာအတွက်ပါ . . .


အလှူရှင်များလည်း ရှာနေပါတယ် . . .


လှူဒါန်းလိုသူများ သူငယ်တန်းက လေးတန်းထိ ကျောင်းသား စာရင်းကို တင်ပေးပါဦးမယ် . . .

နောက်နေ့မှပေါ့ . . .ဗျာ




1 comment:

Unknown said...

ဦးထိပ်က လှူမယ်ဆိုရင် လှမ်းလှူလို့ရတယ်ဆိုလို့ ၀မ်းသာသွားပီ..ဘယ်လိုဆက်သွယ်ရမယ်ဆိုတာ ahmei ကိုပြောသွားပါအုံး