Monday, May 14, 2007

မန္တလေးက ဂျာနယ်အသစ်လာတော့မယ် . . .

မန္တလေးအခြေစိုက်ထုတ်ဝေမယ့် ဂျာနယ်တစ်စောင် မကြာခင်တွေ့ရပါတော့မယ် . . .
မကြာခင်မှာ စတင်ထုတ်ဝေနိုင်တော့မယ်လို့ သိရပါတယ် . . .
အမည်ရွေးချယ်အတည်ပြုလိုက်ပြီဖြစ်ကြောင်းလည်းသိရပါတယ်. . .

ဇွန်လအတွင်း စတင်ထုတ်ဝေဖြန့်ချိနိုင်မယ်လို့ သိရပါတယ် . . .

မန်းတောင်ရိပ် လို့ အမည်ရွေးချယ်ထားပြီး သတင်းဂျာနယ်အဖြစ်ထုတ်ဝေသွားမယ်လို့သိရပါတယ် . .

ရွှေမန္တလေး၊ နန်းမြင့်၊ အထက်မြန်မာပြည် ဆိုပြီး မန္တလေးအခြေစိုက်သတင်းဂျာနယ် သုံးခုရှိပြီးသားဖြစ်တော့ . . .
လေးခုမြောက် မန်းအခြေစိုက် သတင်းဂျာနယ်ဖြစ်လာပါတောမယ် . . .
ဂျာနယ်တို့ သတင်းစာတို့ များလာတာ ကောင်းပါတယ် ..
ဒါပေမယ့် အရည်အသွေးပြည့်မယ်ဆိုရင်တော့ ကောင်းပါတယ် . . .
ဂျာနယ်တစ်စောင် ဖတ်တာနဲ့ အားလုံးအတူတူပါပဲဆိုတဲ့ စကားကို ကျော်လွှားနိုင်မယ်ဆိုရင် အကောင်းဆုံးပေါ့ဗျာ . . .

ဘာဖြစ်ဖြစ် အသက်ကလေးရယ်ရှည်စေလို မန်းတောင်ရိပ်ခို ဆိုတဲ့အတိုင်း
မန်းတောင်ရိပ်ဂျာနယ်ကိုဖတ်ရပြီး အသက်ရှည်မလားဆိုတာကတော့ စောင့်ကြည့်ရပါဦးမယ် . . .

ဖတ်သူများလည်း အသက်ရှည်ကြသလို
မန်းတောင်ရိပ်လည်း အသက်ရှည်ဖို့ ဆုတောင်းလျက်ပါ . . .

မန်းတောင်ရိပ်ဝိုင်းတော်သားများ အမြန်းဆုံး ဂျာနယ်ထွက်ပေါ်နိုင်ပါစေကြောင်း ဆုမွန်တောင်းလိုက်ရပါတယ် . . .

1 comment:

Chan Mya Soe said...

မန်းတောင်ရိပ်ဂျာနယ်အတွက် ဂုဏ်ယူပါတယ်။ အရေအတွက်ထက် အရည်အချင်းရှိတဲ့ ဂျာနယ်ကောင်းတစ်စောင်အဖြစ်ရပ်တည်နိုင်ပါစေလို့ ဆုတောင်းပါတယ်