Monday, May 14, 2007

မန်းစည်ပင်ရဲ့ ဒုတိယအကြိမ် စုပေါင်းရဟန်းခံ၊ရှင်ပြု၊သီလရှင်ဝတ်အလှုတော်


မန်းစည်ပင် ၀န်ထမ်းများရဲ့ ဒုတိယအကြိမ်မြောက် ရဟန်းခံ၊ ရှင်ပြု၊ သီလရှင်ဝတ် အလှူတော်မင်္ဂလာကို
၁၁-၅-၂၀၀၇ ရက်နေ့က ကျင်းပခဲ့ပါတယ် . .
ရဟန်း ၁၀၈ ပါး၊ သာမဏေ ၃၉ပါး၊ သီလရှင် ၅၆ ပါး ၀တ်ကြပါတယ် ။

၁၀ရက်နေ့ကတော့ ရှင်လောင်းလှည့်၊ ကိုရင်ဝတ်ကြ၊ သီလရှင်ဝတ်ကြပေါ့ . .
၁၁ရက် မနက်မှာတော့ သိမ်ဝင်ကြပြီး ၉ နာရီမှာ သိမ်ဆင်း လောင်းပွဲကို စည်ပင်ရုံး ခန်းမ၁ရှေ့မှာ ကျင်းပခဲ့ပါတယ် . . .
ဦးဇင်းများ ဦးပြည်းပြောင်ပြောင်နဲ့ဆွမ်းခံထွက်လာတာ ကြည်ညိုဖွယ်ပါ . .
ဝန်ထမ်းများက ဌာနအလိုက်၊ တစ်ဦးချင်းအလိုက် လောင်းလှူကြပြီးတော့
ခန်းမအတွင်းမှာ အခမ်းအနားကျင်းပခဲ့ပါတယ် . . .

ပရိသတ်တွေ ငါးပါးသီလခံယူကြပြီးတော့
အလှူရေစက်ချတရားတော်မှာ မှတ်သားဖွယ်လေးတစ်ခု ဆရာတော်က ဟောကြားလို့ မှတ်သားထားပါတယ် .. .
အဲဒါလေး ဖောက်သည်ချချင်ပါတယ် . .



ရဟန်းတော်များ နှစ်ရာနှစ်ဆယ့်ခုနှစ်သွယ်မှာ
အကျဉ်းသာ ကျင့်ပါ သီလသာသနာ။

ဘိက္ခူနီများ ၃၃၁အား
မှတ်ဖွယ် သီလသာသနာ

သာမဏေများ ၁၁၃ဖြာ ကျင့်ရငြား
မှတ်သား သီလသာသနာ

သာသနာနွယ်ဝင် သီလရှင်များ
၈ပါး ၁၀ပါးကျင့်ရငြား မှတ်သား သီလသာသနာ

ဆိုပြီး ရဟန်း၊ ဘိက္ခုနီ၊ သီလရှင်တို့ရဲ့ ကျင့်ဆောင်ရတဲ့ သိက္ခာပုဒ်တွေကို ပြဆိုထားတာပါ။

လူဝတ်ကြောင်တို့အတွက်ကတော့ ငါးပါးသီလပေါ့လေ . . .

ပြောသာ ပြောရတာပါ . . .ကိုယ်တိုင်ကရော ငါးပါးသီလ လုံရဲ့လားမေးရင် . .
အင်း . . . မလုံဘူးလို့ဘဲ ပြောရမယ် . . .

No comments: