Sunday, May 6, 2007

ပုပ္ပါးနတ်တောင်သို့ တစ်ခေါက်

ဘုန်းကြီးကျောင်းမှာ ရေချိုး၊နားနေပြီးတော့ နံနက်၉နာရီခွဲလောက်မှာပဲ ပုပ္ပါးကို ခရီးဆက်ခဲ့ကြပါတယ် . . .
လမ်းမှာ ထမင်းစားချိန် ရောက်လာပြီဖြစ်တော့ လမ်းမှာရှိတဲ့ ထမင်းဆိုင်မှာ ၀င်စားကြပါတယ် . . .
ထမင်းဆိုင်က ဘူဖေးပဲရတယ်ဗျ . . .ရိုးရိုးစား ၁၅၀၀ကျပ်၊ ဘူဖေးစား ၁၈၀၀ ကျပ်တဲ့ . . .
မဆိုးပါဘူး . . .ဆန်က သိပ်မကောင်းဘူး . . .စားလို့တော့ ကောင်းပါတယ် . . ဗိုက်ဆာနေတာကိုး . . .
အဲဒီကနေ ဆက်သွားတော့ ဗျတ္တပန်းဆက်လမ်းကနေ ပုပ္ပါးတောင်ကလပ်ဆီသို့ ခရီးဆက်ခဲ့ပါတော့တယ် . .
လမ်းခရီးက တောင်တွေကိုကွေ့ပတ်ကျော်သွားရတာ . . ရှုခင်းလှသလို . . ရင်လဲခုန်ရပါတယ် . . .
ကားသမားရဲ့ ကျွမ်းကျင်မှုကြောင့် တော်တော်အဆင်ပြေခဲ့ပါတယ် . . .
မကြာခင်မှာပဲ တောင်ကလပ်ကို ရောက်ခဲ့ပါတယ် . . .
ရောက်တယ်ဆိုရင်ပဲ ပန်းရောင်းသူ၊ မျောက်စာရောင်းသူများ ၀ိုင်းလာပါတော့တယ် . ..
သူတို့က လူခွဲပြီးလာတယ်ဗျ . . .ဘယ်သူက ဘယ်သူ့ကို ရအောင်ရောင်းပေါ့လေ . ..
မျောက်စာဝယ်တော့ မြေပဲနဲ့ ပြောင်းဖူးဆံတွေ ရောင်းတာ တွေ့ရတယ် . . .
မျောက်စာတွေ အိတ်တစ်အိတ်စာဝယ် . . . လှေကားထစ်ကနေ တက်လိုက်ကာရှိသေးတယ် . . .
ဘယ်က ချောင်းနေလဲ မသိတဲ့ ကိုရွှေမျောက်က လာဆွဲတာ မျောက်စာတွေ ပွစာကျဲလို့ လိုက်ကောက်ရတယ် . . .
တော်သေးတယ် မျောက်စာက စက္ကူ ကတော့လေးတွေနဲ့ ထုပ်ထားလို့ . . .
တောင်ပေါ်ဆက်တက်တော့ မျောက်တွေကို နည်းနည်းစီတွေ့ရပါတယ် . . .
အစာကျွေးရင်းတောင်ပေါ်တက်ပါတယ် . . .
အိမ်က မိသားစုငါးယောက်မှာ အဖေနဲ့ အစ်မကြီးက တောင်ပေါ်မတက်ဘဲ တောင်အောက်မှာ နေခဲ့ပါတယ် . . .
ကျွန်တော်နဲ့ အမေရယ်၊ အစ်မငယ်ရယ်ပဲ တောင်ပေါ်တက်ခဲ့ကြတယ် . . .
လမ်းမှာ နားကြ၊ မျောက်စာကျွေးကြ . . .ပေါ့
မျောက်ကလေးတစ်ကောင်က အစ်မရဲ့ လုံချည်ကို ဆွဲထားတယ်
အစ်မက အစာတစ်ထုပ်ပေးတော လက်တစ်ဖက်နဲ့ ယူတယ် . . .လုံချည်မလွှတ်ဘူး . .
နောက်တစ်ထုပ်ပေးမှ လုံချည်လွှတ်ပြီး ယူ တယ် . . .တော်တော်မျောက်လည်ကျတဲ့ကောင် . . .
ချစ်စရာလေးတွေပါပဲ . .မျောက်လေးတွေက လူတွေကြောက်နေတယ် . . .တစ်ချို့က အပျော်ဆိုပြီး
မျောက်စာမှာ ငပိသုတ်ပေးကြသတဲ့ . . .မျောက်ကလေးတွေမှာ ငပိထိတဲ့နေရာ သွေးထွက်အောင် ပွတ်ကြတယ် . . .
အဲလိုလုပ်တာတော့ မကောင်းပါဘူးဗျာ . . .
မျောက်ကလေးတွေကလည်း ဟိုးနားတစ်စု ၊ ဒီနားတစ်စု ထိုင်နေလိုက် ၊ အစာတောင်းလိုက်၊ တစ်ကောင်နဲ့တစ်ကောင် သန်းရှာလိုက်၊ ရန်ဖြစ်လိုက် . . .
သဘာဝပေါ့ဗျာ . . .
မျောက်များက ပြောင်းဖူးဆံ မစားဘူးဗျ . . .မြေပဲဆံ ဟုတ်မဟုတ် ကြည့် . . မဟုတ်တော့ လွှင့်ပစ်တယ်ဗျာ . . .
လမ်းမှာ ရေခဲထုပ်စားတဲ့ မျောက်တောင် တွေ့ခဲ့ရသေးတယ် . . .

လမ်းမှာရှိတဲ့ တောင်ပြုံးညီနောင် မွေးဖွားရာဂူဝင်ကြည့် . .သံလှေကားမတ်မတ်တွေတက် . . .
လမ်းရှုခင်းတစ်ချို့ ဓာတ်ပုံရိုက် . .. နောက်ဆုံး တောင်ကလပ်ထိပ်ကို ရောက်ခဲ့ပါတယ် . . .
ဘိုးမင်းခေါင်ဓာတ်နန်းဝင်လေ့လာ . . . ဘုရားဖူး . . .
တောင်ထိပ်မှာ မိနစ်၂၀လောက်နေပြီးတော့ တောင်အောက်ကို ဆင်းခဲ့ပါတော့တယ် . . .
အပြန်လမ်းလဲ မျောက်ကလေးများကို အစာကျွေးရင်း တောင်အောက်ကို ရောက်ခဲ့ပါတယ် . . .
ပုပ္ပါးအမှတ်တရချည်ထည်လေးတွေ ၀ယ်ကြပြီး . . ပုပ္ပါးတောင်ကလပ်ကနေ ထွက်ခွာခဲ့ရပါတယ် . . .
မြေပြိုခဲ့တဲ့နေရာ သွားကြည့်ချင်သော်လည်း အားလုံးက မသွားချင်ကြတော့ မကြည့်ခဲ့ရဘူးပေါ့ဗျာ . . .
အပြန်ကျတော့ လမ်းမှာ ထန်းတဲ တစ်ခုဝင်ပြီး ထန်းညက်ဝယ် . . . ထန်းရည် ကြိုက်သူက ထန်းရည်သောက်ပေါ့ . . .
ထန်းရည်မကြိုက်သူကျွန်တော့်မှာတော့ လမ်းက သဲချောင်းနဲ့ ထန်းပင်လေးကို ဓာတ်ပုံရိုက် . . .
ညနေပိုင်းမှာတော့ ပုဂံကို ပြန်ရောက်ခဲ့ပါတယ် . . .
ကနေ့ညနေပိုင်းမှာတော့ ငှက်ပစ်တောင်ကို သွားခဲ့ပါတယ် . . .
အဲဒါကို နောက်နေ့မှပဲ ပြောပြတော့မယ်ဗျာ . . .

ဓာတ်ပုံတွေကို နောက်ရက်မှ တင်ပေးတော့မယ်ဗျာ . . .

No comments: