Saturday, May 5, 2007

မြန်မာတို့ပုဂံနေပြည်

ပုဂံရထားကြီးကို စီးဖို့ အိမ်ကနေ ည၈နာရီထွက်ခဲ့ပါတယ် . . .

အိမ်နဲ့ဘူတာက နီးတော့ ခဏနဲ့ရောက်တာပေါ့ . . .

ဘူတာရောက်တော့ ပုဂံရထားက တွဲမထိုးသေးဘူးဗျ . . . ၉နာရီထိုးခါနီးမှ တွဲထိုးတယ်. . .

တွဲရှာပြီး တွေ့တော့ အထက်တန်းတွဲပေမယ့် မီးက မလင်းပါ . . .

တွဲပေါ်ကို လက်နှိပ်ဓာတ်မီးအားကိုးနဲ့ တက်ရပါတယ် . . . ရထားထွက်ခါနီးတော့ မီးလင်းပါတယ် . . .

လူအချင်းချင်း မတိုက်ရုံပါဘဲ . . .

၉နာရီ၁၀မိနစ်လောက်ရထားထွက်ပါတယ် . . .

လမ်းမှာ သိပ်မရပ်ဘဲ ထွက်လာတာ ပုဂံကို မနက်၇နာရီခွဲလောက်မှာ ရထားဆိုက်ခဲ့ပါတယ် . . .


ရထားဆိုက်တာနဲ့ ဘူတာထဲကိုသွား အပြန်လက်မှတ်အတွက် ရုံပိုင်နဲ့ သွားတွေ့ . . .

နောက်တော့ ကားငှားကြရင်း ကားဆရာက ညောင်ဦးကို တစ်ယောက်သုံးရာနဲ့ အဆင်ပြေခဲ့ပါတယ် . ..

ပထမက ရွှေစည်းခုံဘုရားက တည်းခိုဆောင်မှာ တည်းဖို့ ဂေါပကအဖွဲ့နဲ့ ပြောထားပါတယ် . . .

ကားဆရာက သူ့ဘကြီးဘုန်းကြီးကျောင်းမှာ တည်းပါဆိုပြီး ပြောတယ် . . .

ရေ၊မီး ပြည့်စုံတယ်လို့လဲ ပြောပါတယ် . .. ဒါနဲ့ သူ့ဘကြီုးဘုန်းကြီးကျောင်းလိုက်ခဲ့ပါတယ် . . .

ညောင်ဦး စည်ပင် ပန်းခြံရဲ့ မျက်နှာချင်းဆိုင် . . . သိမ်းမစည်းဘုရားကျောင်းမှ တည်းဖြစ်ပါတယ် . . .

အခန်းရပြီး ရေ၊မီး၊ အိမ်သာ အားလုံးအဆင်ပြေခဲ့ပါတယ် . . .


ပုဂံဘူတာကနေ ညောင်ဦးကိုလာတော့ သတိထားမိတာတစ်ခုရှိပါတယ် . . .

သန့်ရှင်းရေးတော်တော်ကောင်းပါတယ် . . .လမ်းပေါ်မှာ ရှင်းသန့်နေပါတယ် . . .

လမ်းမှာလည်း အမှိုက်ပုံးများတွေ့ပြီး ပုဂံ-ညောင်ဦးမှာ အမှိုက်ကင်းမဲ့ဇုန်လုပ်ထားတယ်လို့ သိရပါတယ် . . .

ကောင်းပါတယ်ဗျာ

ကမ္ဘာလှည့်ခရီးသည်ဝင်ရောက်တဲ့နေရာဆိုတော့ ကောင်းပါတယ် . . .

ပုဂံမြို့ကြီးဟာ ရှေးခေတ် မြန်မာ့အငွေ့အသက်တို့ ကြွင်းကျန်တယ်ဆိုပေမယ့် ခံစားမှုသိပ်မရခဲ့ဘူးဖြစ်နေတယ် . . .

အရင်က ပုဂံဆိုတဲ့ ခံစားချက်ပျောက်ဆုံးနေခဲ့တယ် . . .

သြော် ကိုယ်က ညောင်ဦးမှာ တည်းတာဆိုတော့ ပုဂံကို မခံစားရတာထင်တယ် . . .

ဒီနေ့ ပုပ္ပါးကို သွားကြမယ် . . .

No comments: