Saturday, April 28, 2007

နှစ်သက်မိတဲ့ သီချင်းတစ်ပုဒ်

မနေ့က အလုပ်မှာ အလုပ်လုပ်ရင်း
အလုပ်က ကောင်လေးက စက်ထဲမှာ သီချင်းလာဖွင့်သွားတယ် . . .
ကျွန်တော် အိပ်နေရင်း နားထောင်မိတယ်ဗျ . . .
သီချင်းလေးကို တော်တော်ကြိုက်သွားမိတယ် . . .
သီချင်းက အေးအေးလေးလို့ပြောရမယ်ထင်တယ် . . .
သီချင်းအကြောင်း နားမလည်ပါဘူး . . . ဂီတနဲ့ ပတ်သက်ရင် တော်တော်ဝေးတယ်ပြောရမယ် . . . ဂီတကို နှစ်သက်ပေမယ့် မဖန်တီးတတ်ဘူးဗျာ . . . အသံကမကောင်း၊ ဆိုလိုက်ရင် ကီးကလွဲ၊ လွဲတယ်ပြောရအောင် နားကိုမလည်တာ . . . အဲဒီလောက် ဂီတနဲ့ ပတ်သက်ပြီး တော်တာ . . .
အဲဒီသီချင်းလေးကိုတော့ ကြိုက်မိသွားတယ် . . .
ဒါနဲ့ ထပြီး ကြည့်တော့ ဗီစီဒီဖြစ်နေတယ်. . .
စိုင်းစိုင်းခမ်းလှိုင် ဒါရိုက်တာလုပ်ရိုက်ထားတယ်
တေးရေးက အစိုင်း
တေးဆိုက Black Hole
သရုပ်ဆောင်က စိုင်းစိုင်း၊ ဟေမာန်အောင်အောင်၊ Black hole
သီချင်းစာသားလေရော . . . ရိုက်ထားတဲ့ပုံရော၊ နောက် သရုပ်ဆောင်သူကိုရော နှစ်သက်မိပါတယ် . . .

သီချင်းကို တင်ပေးချင်သော်လည်း ဖန်တီးသူက ကြိုက်မကြိုက်မသိတော့ တင်မပေးတော့ပါဘူး . . .
သီချင်းစာသားတော့ တင်ပေးမယ် . . .
ရှာဖွေပြီး ခံစားပေါ့ဗျာ . . . ဘယ်ခွေထဲပါတယ်ဆိုတာ ကျွန်တော်လဲမသိဘူးဗျ . . .ရှာပြီး ၀ယ်ထားရဦးမယ် . . .
သနပ်ခါး
တေးရေး အစိုင်း
ပါးပြင်မှာ သနပ်ခါးလေးနဲ့ ချစ်စရာကောင်းလိုက်တာကွာ
သူများတွေထက် မထင်ရှားဘဲနဲ့ ကိုယ့်အတွက် လမင်းလေးပါ
အမြဲတမ်းပြုံးနေလိုက်ပါ ရိုးရိုးလေးမင်းမျက်နှာ ကမ္ဘာကျော်တောင် မမီနိုင်ဘူးကွာ
ကိုယ့်ရဲ့ နှလုံးအိမ်ထဲမှာ အချစ်စိတ်တို့နိုးထလာ ဒီတစ်သက်စာ ချစ်မေတ္တာ
မိုးပေါ်က နတ်သမီးလေးလား အသက်ရှုမှားလောက်တယ်ကွာ
ရင်အေးစေတဲ့ ဒီအပြုံးလေးနဲ့ အရိပ်ဖွဲ့လာအိပ်မက်မှာ
(အမြဲတမ်းပြုံးနေလိုက်ပါ ရိုးရိုးလေးမင်းမျက်နှာ ကမ္ဘာကျော်တောင်မမီနိုင်ဘူးကွာ
ကိုယ့်ရဲ့ နှလုံးအိမ်ထဲမှာ အချစ်စိတ်တို့နိုးထလာ ဒီတစ်သက်စာချစ်မေတ္တာ)၂
ပါးပြင်မှာ သနပ်ခါးလေးနဲ့ ချစ်စရာကောင်းလိုက်တာကွာ
ရင်အေးစေတဲ့ ဒီအပြုံးလေးအတွက် ကျေးဇူးပါမိန်းကလေး
သီချင်းတစ်ပုဒ်ခံစားကြည့်မိတာ . . . တော်တော်နှစ်သက်ခဲ့ပါတယ်ဗျာ . . .
အဲလို သီချင်းအေးအေးလေးတွေ . . ဆောင်းဦးလှိုင်ရေးတဲ့ အလှူတော်မင်္ဂလာထဲက သီချင်းလေးနှစ်ပုဒ်ကိုလဲ ကြိုက်တယ်ဗျ . .
နောက်မှ တင်ပေးဦးမယ် . . .



No comments: