Wednesday, April 11, 2007

မန္တလေးမြို့တော်ဝန် ဗဟိုမဏ္ဍပ် ၀တ်စုံပြည့်အစမ်းလေ့ကျင့်

ကနေ့ ညနေ ၄နာရီခွဲက မန္တလေးမြို့တော်ဝန် ဗဟိုမဏ္ဍပ်ရဲ့ ၀တ်စုံပြည့်အစမ်းလေ့ကျင့်တာကို တွေ့ရပါတယ် . . .

မြို့တော်ဝန်နှင့်ဇနီးအပါအ၀င် တာဝန်ရှိသူများအားလုံး သေချာစွာ လိုက်လံကြည့်ရှုပြီး ဇာတ်တိုက်လေ့ကျင့်တာကို တွေ့ရပါတယ် . . .


ကျောင်းသူလေးပေါင်း ၃၀၀၀ကလည်း မြနန္ဒာသီချင်း၊ စည်းလုံးခြင်းအတွက် သီချင်းတစ်ပုဒ် သီချင်းများနဲ့ ပါဝင် ကပြကြပါတယ် . . .


ဖွင့်ပွဲအခမ်းအနားကဲ့သို့ သေချာစွာ အခမ်းအနားအစီအစဉ်အတိုင်း ကြိုတင် ကျင့်ကြပါတယ် . . .


ကျောင်းသူလေးများ အက ညီညာရေးအတွက် အကြိမ်ကြိမ် ပြန်လည်လေ့ကျင့်ကြရတာ စိတ်မောစရာ ကောင်းလှပါတယ် . . .

ဘာပဲဖြစ်ဖြစ် တကယ်ဖွင့်ပွဲမှာ အစစ အရာရာ ချောမွေ့အောင်မြင်ဖို့ အရေးကြီးပါတယ် . ..

မဏ္ဍပ်က အချောသတ်ပြင်ရန် လိုအပ်နေပါသေးတယ် . . .

အသံပိုင်းဆိုင်ရာမှာလည်း အနည်းငယ် အားနည်းနေပါတယ် . . .ကျောင်းသူလေးတွေ အစွန်ပိုင်းက အသံ သဲကွဲစွာ မကြားရပါဘူး . . .

ဘာဖြစ်ဖြစ် အကြိုနေ့မှာ အားလုံးအဆင်ပြေမယ်ထင်ပါတယ် . . .

အစမ်းလေ့ကျင့်ပြီးတော့ မန်းစည်ပင် သမီးပျိုများ၊ မန်းစည်ပင် တေးဂီတ၊ မြန်မာ့ဆိုင်းဝိုင်း တို့ကလည်း ဧည့်ခံဖျော်ဖြေခဲ့ပါတယ် . . .


1 comment:

Anonymous said...

Inn... Everybody will be happy in myanmar now... For me, hmmmmm