Wednesday, April 18, 2007

မဟာသင်္ကြန်အကြတ်နေ့





မဟာသင်္ကြန်အကြတ်နေ့ မနက် ၇နာရီလောက်မှာ ရန်ကုန်က ဖိုရမ် သူငယ်ချင်းတစ်ယောက်ဆီက ဖုန်းလာပါတယ် . . .
သူလဲ ကျွဲနဖားလိုက်မယ်တဲ့ . . .
နဂိုက သွားမဲ့သူ နှစ်ယောက် သူပါလိုက်တော့ သုံးယောက်
သုံးယောက်ပေါင်း လောင်းကျော်ပေါ့ဗျာ . . .

မနက် ၈နာရီလောက် သွားတာက လိုင်းကားနဲ့ပါ . . .
အမှတ်(၁၁)လိုင်းကားနဲ့ ဆိုတော့ ကြာတာပေါ့လေ . . .
တစ်လမ်းလုံးလဲ ရေတွေ ပက်လိုက်ကြတာ . . .
တစ်ချို့နေရာမှာ မီးသတ်ပိုက်နဲ့ ပက်တာဗျ . . .

အဲလိုနဲ့ ရွှေစာရံလမ်းခွဲလဲရောက်ရော
ကျွဲနဖားသွားမဲ့ကားမရှိတော့ဘူး
ကျောက်ကားပဲရှိတယ်
လိုက်လို့မဖြစ်တော့ မြင်းလှည်းငှားပြီး မြင်းလှည်းလေးနဲ့ တူပျော်ပျော်ပေါ့ဗျာ . . .
ကျွဲနဖားလဲရောက်ရော
သူတို့က မနက်ပိုင်း မကဘူးတဲ့ ညပိုင်းကြမှ ပဲတဲ့ အဲတော့ ဘယ်လိုလုပ်ရမလဲမသိတော့ဘူးဗျာ
သူငယ်ချင်းကလည်းမရှိဘူး . . . ဒါနဲ့ပဲ . . .ကျွန်တော်တို့အားလုံး ဒုဋ္ဌ၀တီမြစ်ဘက် ထွက်ပြီး ရေချိုးကြတယ်ဗျာ . . .
သူငယ်ချင်းက ၁၂ လောက်မှ လာတော့
သူငယ်ချင်းနဲ့ အတူ ၁၆မိုင်စစ်ဆေးရေးဂိတ်ကို ထွက်ပြီး ပြင်ဦးလွင်ကားစီးလို့ ပြန်ခဲ့ပါတော့တယ် . .


ညပိုင်းကတော့ ဗဟိုမဏ္ဍပ်ကို ရောက်ခဲ့ပါတယ် . . .

မြနန်းမန္တလာတို့ ပြိုင်ပွဲဝင်တာ ကြည့်ခဲ့ရပါတယ် . ..



အမြောက်သံတွေ၊ တိုင်းရင်းသားပေါင်းစုံအကတွေနဲ့ တော်တော်လေးကြိုးစားထားပါတယ် . . .



နောက်ဆုံးဒီနှစ်လဲ မြနန်းမန္တလာတို့ ပထမယူဦးမယ်ထင်ပါတယ်ဗျာ . . .



မနက်ဖြန်ဆို အတက်နေ့ရောက်ပြီနော် . . .

အခုထိ တစ်ယောက်ကိုမှ သင်္ကြန်ရေ မလောင်းမိသေးပါ့လား . . . .

No comments: