Thursday, April 12, 2007

ဆရာဇော်ဂျီ နှစ်(၁၀၀)ပြည့်


ကနေ့က အမျိုးသားစာဆိုတော် ဆရာဇော်ဂျီနှစ်(၁၀၀)ပြည့်တဲ့နေ့ပါ . .
၁၂-၄-၁၉၀၇ မှ ၁၂-၄-၂၀၀၇ ဆိုတော့ နှစ်(၁၀၀)ပြည့်ပြီပေါ့

ဆရာနှစ်(၁၀၀)ပြည့်မှာပဲ
ရာသီကာလနဲ့ တိုက်ဆိုင်တဲ့ ကဗျာတစ်ပုဒ် ကို သတိရပါတယ်
အဲဒါကတော့
အခု ပိတောက်တွေဖူးနေပြီ
မနက်ဖြန်ဆို ပွင့်တော့မယ်
အဲဒီပိတောက်တွေကို ကိုယ်ချင်းစာတဲ့ ကဗျာလေးပါ . . .


ပိတောက်ပန်း
မခူးချင် စမ်းပါနဲ့
နှစ်ဆန်းခါတော်မီမို့ ဇမ်ဗော်ရည် ပြေပြေလိမ်းကာပ

ခပ်သိမ်းနယ်စုံစုံသို့ ပွင့်ငုံကို လင့်ကုန်ကြတော့လို့

ခေါင်းကြွကာဆာဝေေ၀နဲ့ သူလဲလေ လောကီသားလိုပ

ကြွားချင်လှပေလိမ့်မယ်။

တသိန်တင့်ပါဘိ

တိမ်မြင့်ရီပြာပြာက ကြည်သာသာ ပင့်လေအဖြူးတွင်ဖြင့်

တီတာတာ ပွင့်ရွှေဖူးငယ်တို့

လည်ယှက်ကာ ဘယ်ညာလူးလေတော့

သူတို့လို ဘယ်သူမြူးနိုင်ပ

ထူးပါဘိတယ်.

တ၀ါဝါ ဆင်သင်္ကန်းရယ်က

ကမ္ဘာမှာ ဘ၀င်ချမ်းစေတဲ့ သာသနာရွှင်ရွှင်လန်းအောင်လို့

တမင်မှန်းကာပ သတိဆွယ် ရည်ရွယ်တော့သလား။

ခူးပါနဲ့ကွယ်

ပွင့်ဖူးမှာ အ၀ါခြယ်ရ်ျ

မာလာအလယ်မှာ နွှဲချင်တဲ့နှလုံးရယ်ကြောင့်

နှစ်ဆုံးကုန် အတာဝင်သို့ မာန်အင်ကို ဥာဏ်ဆင်မွေးကာဖြင့်

အရေးအခါသာမှ ခမျာမှာတစ်ဂုဏ်ဆန်းရတယ်

ပန်းပိတောက်များ။
သံချိုကဗျာ ဇော်ဂျီ


ဆရာဇော်ဂျီရဲ့ ကိုယ်ချင်းစာစိတ်နဲ့ ရေးသားခဲ့တဲ့ ကဗျာပါ . . .

ပိတောက်ပန်းတို့လဲ လောကီသားမို့ လှချင်မယ်တဲ့ . . .


မနက်ဖြန် ပိတောက်ပွင့်ရင် . . . .


2 comments:

Anonymous said...

ကျေးဇူးတင်ပတယ်ဗျာ . . . တကယ်ကို မန်းတလေးကို ရောက်သြွးရတဲ့ အတိုင်းပါဘဲ . . .
ဂျိုး

ဇူးဇင် said...

Happy new year to u .
Dear Sir,
I also want to use myanmar font in my blog.Plz tell how to do.Thz in advance.