Tuesday, April 24, 2007

ကျွဲနဖားမှာ ရိုက်ခဲ့တဲ့ပုံလေးတွေ

ကျွဲနဖားသွားတုံးက ရိုက်ထားတဲ့ပုံလေးတွေကို နာမည်ပေးပြီး

ပုံကူးကြည့်တာ မဆိုးပါဘူး . . .

ပုံထွက်လေးကောင်းနေပါတယ် . . .

အဲဒါက ပျက်သွားတဲ့ ကင်မရာသေးလေးနဲ့ ရိုက်ထားတာပါ . . .

သူငယ်ချင်း ဓာတ်ပုံဆရာတွေကြားထဲ ပြရတာတော့ သိပ်မကောင်းဘူး . . .

အားငယ်စရာပေါ့ . . .

ကျွဲနဖားရွာက ရေခပ်ဆင်းရတဲ့ ပုံပါ မြစ်ကြီးထဲက ရေကိုယူလို့ နာမယ်ပေးလိုက်တယ် . . .သူတို့ဘ၀က မြစ်ဘေးနားနေပြီး ရေကို တော်တော်ကြိုးစားခပ်ကြရပါတယ် . . .ပိုက်ဆံချမ်းသာသူတစ်ချို့ကသာ အ၀ီစိတွင်း တူးထားကြတယ် . . .
ရေကောင်းရေသန့် သုံးစွဲမှု အားနည်းနေတယ်ပေါ့ဗျာ . . .



ဒါလဲ ရေခပ်တဲ့ပုံပါပဲ
ဒါပေမယ့် နွားတွေရော၊ လှည်းမောင်းသူရော ကမ်းပါးကနေ အားတင်းပြီး တက်နေတဲ့ပုံကို
သဘောကျလို့ပါ ကြိုးစားမှု လို့ နာမယ်ပေးလိုက်ပါတယ် . . .


နောက်တစ်ပုံကလဲ မြစ်ကမ်းဘေးပါပဲ
ကျောက်ဆောင်ပေါ်မှာ အ၀တ်တွေ လျှော်နေကြတာပါ . .
ဖြူစင်အောင် ကြိုးစားနေကြတာကတော့ အ၀တ်တွေပါ . .
စိတ်ဓာတ်တွေရော ဖြူစင်အောင် ဘယ်လိုများ လျှော်မလဲလို့ တွေးမိပြီးတော့ . . .

No comments: