Tuesday, April 10, 2007

သင်္ကြန် အတွက် ကြိုတင်ပြင်ဆင်မယ်

မနက်ဖြန် မြို့တော်ဝန်ဗဟိုမဏ္ဍပ်ရှေ့မှာ မန္တလေးမြို့တော် မြန်မာ့ရိုးရာမဟာသင်္ကြန်ဖွင့်ပွဲ အခမ်းအနားကို ၀တ်စုံပြည့် အစမ်းလေ့ကျင့်ကြပါမယ် . . .

ညနေပိုင်း ၁နာရီလောက်ကနေပြီး ၂၆လမ်း၊ ၇၃လမ်းမှ စတင်ပြီး အရှေ့ဘက် ၅ပြလောက် လမ်းပိတ်ထားပါမယ် .
. .
ကျောင်းသူလေးပေါင်း ၃၀၀၀ ပါဝင်ပြီး အကတိုက်လေ့ကျင့်မှာ ဖြစ်ပါတယ် . . .

၁၃ရက် အကြိုနေ့ ညနေ ၅နာရီခွဲမှာ ဖွင့်ပွဲအခမ်းအနားကို ကျင်းပမှာဖြစ်ပြီးတော့
၁၆ရက် အတတ်နေ့ ည ၈နာရီမှာ ဆုပေးပွဲအခမ်းအနား စတင်ကျင်းပပါမယ် . . .

ပြိုင်ပွဲများအနေဖြင့်
မဏ္ဍပ် ဒီဇိုင်းပြိုင်ပွဲ (ဆုရွေးချယ်ပြီးပါပြီ)
မဏ္ဍပ် အလှနှင့်အက
အလှပြယာဉ် အလှနှင့်အက
ဓာတ်ပုံပြိုင်ပွဲ
စတဲ့ ဆုများကိုချီးမြှင့်သွားပါမယ် . . .

သင်္ကြန်ပိတ်ပွဲကိုတော့ အတတ်နေ့ ည ၁၂ နာရီတိတိတွင် ပိတ်သိမ်းပါမယ်ခင်ဗျာ . . .

ဗဟိုမဏ္ဍပ်ရဲ့ ဖျော်ဖြေရေးအစီအစဉ်များကို နေ့စဉ် နံနက်ပိုင်း၊ ညနေပိုင်းနှင့်ညပိုင်းများမှာ တင်ဆက်မှာ ဖြစ်ပါတယ် . . .

ဗဟိုမဏ္ဍပ်ပေါ်တွင် တက်ရောက်ဓာတ်ပုံရိုက်ခြင်း၊ သတင်းယူခြင်းများ ဆောင်ရွက်လိုသူများသည် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ပြည်သူ့ဆက်ဆံရေးနှင့်ပြန်ကြားရေးဌာန ဌာနမှူးထံမှာ စာရင်းပေးပြီး အသိအမှတ်ပြု ကတ်ပြားများ ထုတ်ယူရမယ်လို့သိရပါတယ် . . .

အသိအမှတ်ပြု ကတ်ပြားမပါသူများကို မဏ္ဍပ်ပေါ် တက်ရောက်ရိုက်ကူးခွင့်မပြုဘူးလို့ တာဝန်ရှိသူများထံမှ တစ်ဆင့် သိရထားရပါတယ် . . .

ကဲကဲ . . .
ဒီနှစ်သင်္ကြန်အတွက် ကြိုတင် ပြင်ဆင်ထားရအောင် . . .

2 comments:

Chan Mya Soe said...

အစ်ကိုရေ ... မန်းလေးသတင်းတွေ အတွက် ကျေးဇူးတင်တယ်ဗျာ

နိုင်းနိုင်းစနေ said...

EOT.... pls :)