Wednesday, April 4, 2007

အလင်းလှိုင်း ၃နှစ်ပြည့်အထိမ်းအမှတ်နေ့

ကနေ့ အလင်းလှိုင်း သုံးနှစ်ပြည့်နေ့ဖြစ်ကြောင်းကို ၀ဏ်က ဂျီတော့ မှာပြောလို့ သိလိုက်ရပါတယ် . . .
၎-၄-၂၀၀၇ မှာ သုံးနှစ်ပြည့်တဲ့အတွက် ၄-၄-၂၀၀၄ ရက်မှာ စတင်ပြီး ပုဂံအင်တာနက်ဖိုရမ်ကနေပြီး ပထမအကြိမ် လှူဒါန်းနိုင်ခဲ့ပါတယ် . . .

အလင်းလှိုင်းဆိုတာ
အင်တာနက်ထဲက စိတ်တူကိုယ်တူ အလှူဒါနပြုချင်သူများစုထားတဲ့ အဖွဲ့လေးပါ . . .

သူတို့ ရန်ကုန်၊မန္တလး၊ နိုင်ငံတကာမှာ ရှိနေကြပါတယ် . . .

ဒါပေမဲ့ သတ်မှတ်ထားတဲ့ လေးလတစ်ကြိမ် အလှူအတွက်ကိုတော့ ၀ိုင်းဝန်း စုပေါင်းဆောင်ရွက်ကြပါတယ် . ..

ဧပြီလမှာ ပထမဆုံးစလှူဖြစ်ပြီးတော့ . . . တစ်နှစ်ကို သုံးကြိမ် လှူပါတယ် . .
များသောအားဖြင့် အောက်မြန်မာနိုင်ငံ တစ်လှည့် အထက်မြန်မာနိုင်ငံတစ်လှည့် လှူတာပါ . . .

အဓိက ရန်ကုန်၊ မန္တလေးပေါ့ . .

တစ်ယောက်ကို တတ်နိုင်သလောက်စုပေါင်းလှူကြပါတယ် . . .

လိုအပ်တယ်လို့ ယူဆတဲ့နေရာတွေကို ရှာဖွေပါတယ် . . .
တွေ့ရင် အများသဘောတူညီမှုယူပါတယ် . . .
ပြီးတော့ သွားလှူကြပါတယ် . . .

အခု ဒီအဖွဲ့လေး သုံးနှစ်ပြည့်ခဲ့ပါပြီ . .

သုံးနှစ်ပြည့်သည်အထိ ပါဝင်ဆောင်ရွက်ကြသူများ၊ အလှူငွေထည့်ဝင်သူများ၊ အဘက်ဘက်က ၀ိုင်းဝန်းကူညီသူများအားလုံးကို အလင်းလှိုင်းကိုယ်စား ကျေးဇူးတင် ဂုဏ်ယူဝမ်းမြောက်မိပါတယ် . . .


အလင်းလှိုင်း ထာဝရ တည်ရှိပါစေ . . .

No comments: