Friday, March 30, 2007

မူကြိုဘဝ




မူကြို ကျောင်းသားဘ၀ကို ပြန်ပြီး ဒီနေ့ လိုက်ရှာမိတယ် . . .
မူကြိုက ဓာတ်ပုံတွေ ပြန်တွေ့တော့ နည်းနည်းတော့ ပြန်သတိရမိတယ် . . .

မူကြိုမှာ (က)တန်း၊ ဆရာမက ဒေါ်ခင်မေကြိုင် ဆိုတာ မှတ်မိလာတယ် . ..
မူကြိုကျောင်းသားကတ်လေးကို ပြန်တွေ့ပေမဲ့ သိမ်းလိုက်မိတာ ပြန်ရှာရဦးမယ် . . .

အတန်းထဲက ကျောင်းသားတွေနဲ့ ကျောင်းပိတ်ခါနီး အားကစားပွဲမှာ ရိုက်ထားတဲ့ပုံ . . .
ကျောင်းအုပ်ဆရာမကြီး၊ အတန်းပိုင်ဆရာမနဲ့ ရိုက်ထားတဲ့ပုံ . . .
အဲဒီတုံးက ပါးက ယောင်နေတယ် . . . ပါးစိယောင်နေတော့ ပါးဖောင်းဖောင်းလေးပေါ့ . . .
နောက် ကျောင်းက ပညာရည်ထူးချွန်ဆုပေးပွဲအခမ်းအနားမှာ သီချင်းဆိုနေတဲ့ပုံ . . .

အိမ်မှာ အမေနဲ့ မူကြိုကျောင်းသားဘ၀ကို ပြန်ပြောတော့ ငယ်စဉ်က ဘ၀ကို အရမ်းသတိရမိတယ် . . .

ငယ်စဉ်က . . . အပြစ်ကင်းစင်မှုတွေဟာ . . . အခုတော့ . . . .

1 comment:

sisain said...

ကျနော်တို့ အခုချိန်မှာ မက်တဲ့အိပ်မက်တွေဆိုတာ ငယ်ငယ်တုန်းက ဘ၀တွေလို ဖြူ-စင်-ရိုး-သား-စွာ-နေ-ထိုင်-ခြင်း ပါပဲ။

စကားမစပ်- ငယ်ငယ်တုန်းက ၀တုတ်လေးနော့..