Saturday, March 31, 2007

ဈေးဝယ်သွားကြတော့

ဒီနေ့ ရွှေဖြူပလာဇာကို အစ်မနဲ့အတူ ဈေးဝယ်ထွက်ဖြစ်တယ် . .

သူက သင်္ကြန်အတွက် ကလစ်တွေ ဘာတွေ ကြည့်မယ်ဆိုပဲ . . .

လျော့ဈေးလည်းရှိတယ်ဆိုလို့ပါ . . .

ဒေးလီမတ်ကို အရင်ဝင်ဖြစ်ပါတယ် . . .

အချို့ပစ္စည်းတွေကတော့ ဈေးသက်သာ တာကို တွေ့ရပါတယ် . . .

ရွေဖြူထဲက ဆိုင်တွေက ကပ်ထားတဲ့ ဈေးနှုန်းထက်ကို ဈေးဆစ်ဝယ်လို့ရတာကို တွေ့ရပါတယ် . . .

ဒေးလီမတ်ရှေ့နား မြောက်ဖက်က ဆိုင်မှာ အစ်မဈေးဆစ်တာ ရတာကို တွေ့ပါတယ် . . .
မေးကြည့်တော့ တန်တယ်ဆိုပဲ. . .

ကိုလက်ဖက်တို့ ဇနီးမောင်နှံလည်းရောက်လာတော့ ပိုစည်ကားသွားတာပေါ့ . . .

အပြန်မှာတော့ တရုတ်ဈေးသွားပြီး မာလာဟင်းစားဖြစ်ကြပါတယ် . . .

တရုတ်ဈေးမှာကလည်း စားစရာကစုံနေတာပါပဲ . .

တရုတ်စာ၊ ရှမ်းစာ၊ ဗမာစာ အစုံပါပဲ . . .
တရုတ်ဈေးအကြောင်း တစ်နေ့ တင်ရဦးမယ် . . .

ဒီနေ့ အတွက် မြို့တော်ခန်းမက ဈေးပွဲတော်ကို သွားချင်ပေမဲ့ မရောက်ခဲ့ပါဘူး . . .

မနက်ဖြန်များရောက်ခဲ့ရင်တော့ . . . ပြောစရာရှိလာဦးမယ်ထင်ပါတယ် . . .

No comments: