Thursday, March 29, 2007

ငယ်ငယ်က အကြောင်းလေးတွေ

ဒီနေ့ သတင်းစာထဲမှာ ဆောင်းပါးတစ်ပုဒ်ဖတ်လိုက်ရတယ်ဗျာ
အမှတ်(၁)မူကြိုကျောင်းမှာ ဆရာကန်တော့ပွဲလုပ်မယ်တဲ့
၂-၄-၂၀၀၇ ၊ နံနက်၈နာရီမှာ ကျောင်းခန်းမမှာ လုပ်မယ်လို့ သိရတယ်ဗျာ . . .

၁၉၈၁ခုနှစ်က ပထမဆုံးတက်ခဲ့ရတဲ့ကျောင်းပေါ့ . . .
ကျောင်းတက်စဉ်က
ဆုံခဲ့တဲ့ သူငယ်ချင်းတွေထဲက တချို့ မမှတ်မိ
တချို့လဲ အခုထိ ခင်မင်လျက်ပေါ့ . . .


သစ်သားအရုပ်ကစားတာ
မုန့်စားချိန်မှာ မုန့်စားရတာ
အိပ်ချိန်မှာ အိပ် . . .
တော်တော် ပျော်စရာပါပဲ

ဒီကြားထဲ ကလေးတွေ မွေးနေ့ပွဲက တစ်လ လေး၊ငါးခါရှိတော့
အရုပ်ကလေးတွေလက်ဆောင်ရ . . .
သီတင်းကျွတ်ဆို မီးထွန်းကား
သင်္ကြန်ဆို ရေခွက်ပေါ့
အမျိုးမျိုးပဲ . ..

လွတ်လပ်တဲ့ ကလေးဘ၀ ပြန်သတိရစရာတွေပါပဲလေ . .

ကျောင်းမှာ အပြေးပြိုင်ပွဲလုပ်တော့
ကျွန်တော်က ပါးစပ်ကြီးရောင်လို့
သီချင်းဆိုဖို့ကလဲပါသေးတယ် . .
ဆရာမကိုလဲ သတိရပါတယ်လေ . .
နောက်ပိုင်း ကျောင်းအုပ်ဖြစ်တယ်လို့ သိရပေမဲ့
မတွေ့ဖြစ်ခဲ့ဘူး . . .

ဆရာကန်တော့ပွဲနေ့တော့ ရောက်အောင်သွားရပါဦးမယ် . . .

No comments: